×
  • 2020
  • June
  • July
  • August
  • September
ဂျပန်နိုင်ငံတွင် အခမဲ့ပညာသင်ကြား၍ ပြုစုစောင့်ရှောက်ရေးပညာရှင်ဘွဲ့ယူကြရအောင်


ဂျပန်နိုင်ငံတွင် အခမဲ့ပညာသင်ကြား၍ ပြုစုစောင့်ရှောက်ရေးပညာရှင်ဘွဲ့ယူကြရအောင် 


ဂျပန်နိုင်ငံရှိ Fukuoka နှင့် Saga ခရိုင်ရှိ ကျောင်းများမှ နှစ်စဉ် ၁၀၀% ပညာသင်စရိတ်အခမဲ့ဖြင့် ပြုစုစောင့်ရှောက်ရေးဘာသာရပ်အတွက် သင်တန်းသားများ ခေါ်ယူလာခဲ့သည်မှာ ၄နှစ်တိုင်ခဲ့ပြီဖြစ်ပါသည်။


၂၀၂၁ ခုနှစ် ဧပြီလ ကျောင်းဝင်ခွင့်အတွက် ကျောင်းသား၊ ကျောင်းသူများကို စတင်ခေါ်ယူနေပြီဖြစ်ပါသည်။


ပညာတော်သင်စနစ်အကြောင်း

ဂျပန်နိုင်ငံရှိ ဖူကုအို့ကာနှင့် ဆဂခရိုင်ရှိ အစိုးရအဖွဲ့အစည်းနှင့် ကာလတိုတက္ကသိုလ် နှင့် ကောလိပ်များ ပူးပေါင်း၍ ပြုစုစောင့်ရှောက်ရေးပညာရှင်များပြုစုပျိုးထောင်ရန် ရည်ရွယ်ချက်ဖြင့် ပညာသင်စရိတ်များပေးအပ်သော အစီအစဉ်ဖြစ်ပါသည်။ ပညာသင်ကြားမည့်ကာလအနေဖြင့် ၁နှစ်သင်ရိုး၊ ၂နှစ်သင်ရိုးနှင့် ၃နှစ်သင်ရိုးဟူ၍ အသီးသီးရှိပါသည်။


၁နှစ်သင်ရိုးသည် ဂျပန်နိုင်ငံတွင် ပြုစုစောင့်ရှောက်ရေးအလုပ်ကို ကျွမ်းကျင်လုပ်သားဗီဇာဖြင့် လုပ်ကိုင်သွားနိုင်စေရန်အတွက် သင်ကြားပို့ချပေးမည့် အစီအစဉ်ဖြစ်ပါသည်။ ဤအစီအစဉ်တွင် ပညာသင်ကြားခြင်းစရိတ်များကို အလုပ်ခန့်အပ်မည်ဖြစ်သော ပြုစုစောင့်ရှောက်ရေးစင်တာများမှ ချေးပေးခြင်းဖြစ်သည့်အတွက် ကျောင်းပြီး၍ လုပ်ငန်းခွင်ဝင်သောအခါတွင် ပညာသင်စရိတ်များ ပြန်လည်ပေးချေသွားရသည့်စနစ်ဖြစ်ပါသည်။


၂နှစ်သင်ရိုးသည် ဂျပန်နိုင်ငံတွင် ပြုစုစောင့်ရှောက်ရေးပညာရှင်အဖြစ် ဘွဲ့ရရှိ၍ Work Visa ဖြင့် ရေရှည်အလုပ်လုပ်ကိုင် နိုင်စေရန်အတွက် သင်ကြားပို့ချပေးသည့် အစီအစဉ်ဖြစ်ပါသည်။


၃နှစ်သင်ရိုးသည် ဂျပန်ဘာသာစကားမကျွမ်းကျင်သေးသူများအတွက် ၁နှစ်တာ ပြင်ဆင်ပေး၍ ၂နှစ်တာ ပြုစုစောင့်ရှောက်ရေးပညာရပ်ကို ဆက်လက်သင်ကြားစေသောအစီအစဉ်ဖြစ်ပါသည်။ ဤအစီအစဉ်တွင် ပထမ ၁နှစ်တာ ဂျပန်ဘာသာစကားသင်ကြားခြင်းစရိတ်များကို အလုပ်ခန့်အပ်မည်ဖြစ်သော ပြုစုစောင့်ရှောက်ရေးစင်တာများမှ ချေးပေးခြင်းဖြစ်သည့်အတွက် ကျောင်းပြီး၍ လုပ်ငန်းခွင် ဝင်သောအခါတွင် ပညာသင်စရိတ်များ ပြန်လည်ပေးချေသွားရသည့်စနစ်ဖြစ်ပါသည်။


အချိန်ပိုင်းအလုပ်

ပညာသင်ကြားနေစဉ်ကာလအတွင်း နေထိုင်စရိတ်နှင့်စားသောက်စရိတ်များအတွက် ဝင်ငွေရရှိရန် အချိန်ပိုင်းအလုပ်ကို ဘိုးဘွားစောင့်ရှောက်ရေးစင်တာများတွင် လုပ်ကိုင်နိုင်စေရန် စီစဉ်ပေးမည်ဖြစ်ပါသည်။ ခန့်မှန်းခြေအားဖြင့် မြန်မာငွေ ၁၀သိန်းခန့်ဖြစ်ပါသည်။ 


ကျောင်းပြီးနောက်လုပ်ငန်းခွင်ဝင်ခြင်း

ကျောင်းပြီးလျှင် သတ်မှတ်ပေးသော ပြုစုစောင့်ရှောက်ရေးစင်တာတွင် ၅နှစ်တာ အလုပ်လုပ်ကိုင်ရပါမည်။ ၅နှစ်တာကာလအလုပ်လုပ်ကိုင်စဉ်တွင် ဂျပန်လူမျိုးများနှင့်တန်းတူ လုပ်ခလစာ ရရှိပါမည်။ ခန့်မှန်းခြေအားဖြင့် မြန်မာငွေ ၂၅သိန်းခန့်ဖြစ်ပါသည်။


လျှောက်ထားရန်လိုအပ်ချက်များ

  • ဂျပန်ဘာသာ  - N4 နှင့်အထက် (၁နှစ် နှင့် ၃နှစ် သင်ရိုးများအတွက်)
  •                     - N3 နှင့်အထက် (၂နှစ် သင်ရိုးအတွက်)
  • အသက်         - ၃၀နှစ် အောက် (ကျား/မ)
  • ပညာအရည်အချင်း - အထက်တန်းအောင်
  • ဖောင်ပိက်ရက် - ဇူလိုင်လ ၃၀ (ညနေ ၅နာရီ)
  • ကုန်ကျစရိတ်မှာ စုစုပေါင်း သိန်း ၂၀ (လေယာဉ်လက်မှတ်ခအပါ) ဖြစ်ပါသည်။


လျှောက်ထားရန်လိပ်စာ

🏫 စင်တာ ၁

အမှတ် ၂၄၊ ကံ့ကော်လမ်း၊ ၂၂x၂၃ လမ်းကြား၊ ၈၈x၈၉ လမ်းကြား၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးမြို့

🏫 စင်တာ ၂

၁၂ လမ်း၊ ၈၆x၈၇ လမ်းကြား၊ ပြည်ကြီးရန်လုံရပ်ကွက်၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးမြို့


📞 - 09 777 510 878

📩 - kakehashi.center@gmail.com

FB - https://web.facebook.com/Kakehashi.MDY/

URL - www.kakehashi-education-center.com