2020 ဒီဇင်ဘာလအတွက် အွန်လိုင်းတန်းခွဲခေါ်ယူခြင်း

JLPT Online Class အတန်းသစ်များဖွင့်လှစ်ခြင်း


ခါခဲဟာရှိကို အစဉ်အမြဲကြည့်ရှုပေးကြသော သင်တန်းသူ၊ သင်တန်းသားများနှင့် မိတ်ဆွေများအားလုံးပဲ မင်္ဂလာပါ။


ခါခဲဟာရှိတွင် တတိယအကြိမ်မြောက် အွန်လိုင်းသင်တန်းအသစ်ဖွင့်လှစ်သင်ကြားမည်ဖြစ်ကြောင်း အသိပေးအပ်ပါတယ်။

ကိုဗစ်ကြောင့် အိမ်မှာနေရင်း တိုးတက်မှုများ ဆက်လက်ရှာဖွေနေသူများ၊ အနာဂတ်မှာ ဂျပန်နိုင်ငံကိုသွားရောက်ဖို့အတွက် ကြိုတင်ပြင်ဆင်၍ ဂျပန်ဘာသာစကားကိုလေ့လာလိုသူများ၊ လေ့လာဆဲများအဆက်မပြတ်သွားလိုသူများအတွက် Kakehashi Japanese Language Center ရဲ့ အွန်လိုင်းသင်တန်းမှ ကြိုဆိုလိုက်ပါတယ်။

လက်ရှိတွင် ဂျပန်နှင့်ပတ်သတ်သော အလုပ်အကိုင်အခွင့်အလမ်းများ များပြားလာသည်နှင့်အမျှ ဂျပန်စာတတ်မြောက်မှု level သည်လည်း အရေးကြီးလာပါတယ်။ ထို့အတူ အခြေခံမှစတင်၍ စနစ်တကျ သင်ယူလေ့လာနိုင်သည့် သင်တန်းကျောင်းများ ရွေးချယ်မှုသည်လည်း အလွန် အရေးကြီးပါတယ်။

ကျွန်တော်တို့၏ ခါခဲဟာရှိသင်တန်းကျောင်းတွင် စနစ်ကျသော အွန်လိုင်းနည်းစနစ်များဖြင့် ဂျပန်ဘာသာ N2နှင့်အထက် အတွေ့အကြုံရှိ ဆရာမများမှ အခြေခံရေးနည်းဖတ်နည်းမှစ၍ အဆင့်မြင့်အတန်းများအထိ သေချာတိကျစွာသင်ကြားပေးနေပြီဖြစ်ပါတယ်။

Kakehashi Japanese Language Center သည် ဂျပန်ဘာသာသင်ကြားရေးကို စနစ်တကျရေးဆွဲထားသော curriculum များနှင့် uptodate ဖြစ်သော စာအုပ်များကို အသုံးချသင်ကြားလာခဲ့သည်မှာ ၄နှစ်တိုင် ရှိခဲ့ပြီဖြစ်ပြီး၊ သင်တန်းသားပေါင်း ၃၀၀ ကျော်ကို မွေးထုတ်လာခဲ့ပြီဖြစ်ပါတယ်။

ဂျပန်နိုင်ငံသို့သွားရောက်လိုသူများအတွက် သင်တန်းကျောင်းမှ ချိတ်ဆက်ထားသော

Clover Mandalay အေဂျင်စီမှတဆင့် ချိတ်ဆက်ပို့ဆောင်လာခဲ့ပြီး အလုပ်သင်၊ ကျွမ်းကျင်များအတွက် N5, N4 နှင့် ကျွမ်းကျင်စာမေးပွဲပြင်ဆင်မှုတန်းခွဲများ သီးသန့်ဖွင့်လှစ်သင်ကြားလျက်ရှိပါသည်။
အွန်လိုင်းသင်တန်းတွင် သင်ကြားနေသည့်ပုံစံမှာတော့.........

အခြေခံရေးနည်း၊ ဖတ်နည်းများကို အတန်းထဲတွင် သင်ကြားသကဲ့သို့ အရေးအသားများကို Application မှ တဆင့် ပြသ၍ ကျောင်းသား/သူများ ရေးသားထားသည်များကို Zoom Video Calling ဖြင့် တိုက်ရိုက် စစ်ဆေးသင်ကြားခြင်း

ဆရာ/ဆရာမများနှင့် သင်တန်းသူများ နေ့စဉ်သင်ကြားမှုအတွက် Zoom Classroom မှ တဆင့် တိုက်ရိုက်ခေါ်ဆိုသင်ကြားခြင်း

သင်တန်းကျောင်း၏ Website နှင့် Application တွင် မိမိ၏ကိုယ်ပိုင်အကောင့်တစ်ခု ဖွင့်လှစ်ပေးထား၍ မိမိစိတ်ကြိုက်အချိန်တွင် လေ့လာနိုင်သော၊ Download ဆွဲ၍ ရနိုင်သော Video များဖြင့် သင်ကြားခြင်း

ပုံမှန်စာသင်ကြားချိန်များအပြင် စကားပြောအချိန်များ သီးသန့်ထားရှိပြီး level တူညီသော သူများနှင့် Zoom Breakout Room များတွင် တွေ့ဆုံ၍ စကားပြောများ လေ့ကျင့်ပေးခြင်း

အိမ်စာနှင့် အခြားသော မေးမြန်းမှုများအတွက် Slack Application မှ တဆင့် Channel များခွဲ၍ ဆွေးနွေးသင်ကြားခြင်း

JLPT စာမေးပွဲများဖြေဆိုရန်အတွက်သာမက ဂျပန်ဆိုင်ရာ ဗဟုသုတများရရှိစေရန် ဂျပန်အကြောင်းဗဟုသုတများ စုစည်းထားသော ဒေတာများကို သင်တန်းများ၏ အကောင့်မှ ဝင်ရောက်၍ ဖတ်ရှုနိုင်၍ ဗဟုသုတများရရှိစေခြင်း

သင်ရိုးများသည် uptodate ဖြစ်ပြီး အကြောင်းအရာ၊ အချက်အလက်ပြည့်စုံသည့် ဂျပန်ဘာသာစာအုပ်များဖြင့်သာ သင်ကြားခြင်း

အွန်လိုင်းစာမေးပွဲစစ်ဆေးခြင်းပုံစံဖြင့် စာမေးပွဲများလည်း လစဉ်ဖြေဆိုရခြင်း- တို့ ပါဝင်ပါတယ်။
ဘယ်လိုလူတွေ တတ်ရောက်သင့်သလဲဆိုတော့...

သင့်လျော်သောသင်တန်းကြေးဖြင့် စနစ်တကျသင်ယူလိုသူများ

Self-Study ကောင်းကောင်းလုပ်နိုင်သူများ

သင်တန်းတက်ရောက်ပီးသော်လည်း ပြန်လည်လေ့ကျင့်လိုသူများ

အလုပ်တဖက်ဖြင့် မိမိစိတ်ကြိုက်အချိန်တွင် လေ့လာလိုသူများ
တက်ရောက်ရန် အထူး တိုက်တွန်းချင်ပါတယ်။

ဖွင့်လှစ်သွားမည့်အတန်းများ

JLPT N5, JLPT N4, JLPT N3, JLPT N2

Tokutei Food Industry Course

သင်တန်းကာလ

JLPT N5 - 3လကြာ

JLPT N4 - 3လကြာ

JLPT N3 - 4လကြာ

JLPT N2 - 5လကြာ

Tokutei Food Industry Course - 3 လကြာ

zoom ဖြင့်သင်ကြားမည့်အချိန်

JLPT N5 - 9:00 ~ 10:00 ( Mon ~Fri )

JLPT N4 - 10:30 ~ 11:30( Mon ~ Fri )

JLPT N3 - 2:30PM ~ 3:30PM( Mon ~Fri )

JLPT N2 - 4:00PM ~ 5:00PM ( Mon ~ Fri )

Tokutei Food Industry Course - 1:00 ~ 2:00( Mon ~ Wed)

စတင်မည့်ရက် - 14.12.2020 (တနင်္လာ)

ဖောင်ပိတ်ရက် - 10.12.2020 (ကြာသပတေး)
️

သင်ကြားရာတွင် ပိုမိုထိရောက်မှုရှိစေရန် လူဦးရေကန့်သတ်၍ သင်ကြားပါသည်။
️

ကြိုတင်စာရင်းပေးရန်အတွက် အောက်ပါလင့်ခ်မှတဆင့် လျှောက်လွှာကို ဝင်ရောက်ဖြည့်စွက်ရန်လိုအပ်ပါသည်။

ဖောင်ဖြည့်ထားသူများကို သင်တန်းကျောင်းမှ သင်တန်းကြေးသွင်းရန်အကောင့်များ ဆက်သွယ်ပေးပို့ပါမည်။

သင်တန်းကြေးလက်ခံရရှိကြောင်းစစ်ဆေးသိရရှိလျှင် အွန်လိုင်းသင်တန်းအတွက် လိုအပ်သည်များ လုပ်ဆောင်ရန် သင်တန်းကျောင်းမှ ဆက်သွယ်၍ အသေးစိတ်ကို မေးဖြင့်လည်းကောင်း၊ ဖုန်းဖြင့်လည်းကောင်း အသီးသီး ဆက်သွယ်ပေးပို့လုပ်ဆောင်သွားပါမည်။

ကိုဗစ်ကာလအလွန်မှာ သင့်ရဲ့အိပ်မက်များ အကောင်အထည်ဖော်ရန် ခါခဲဟာရှိသင်တန်းမှာ ယုံကြည်စွာအပ်နှံဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

အားလုံးကို အွန်လိုင်းသင်ခန်းစာများမှာ ဆုံတွေ့ဖို့ စောင့်မျှော်နေပါမယ်နော်...

သင်တန်းအကြောင်း စုံစမ်းလိုပါက အောက်ပါလိပ်စာများမှတဆင့်ဖြစ်စေ၊ ဖုန်းဖြင့်ဖြစ်စေ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

ရုံးချိန် (8:00 AM ~ 5:00 PM)

အမှတ် ၂၄၊ ကံ့ကော်လမ်း၊ ၂၂x၂၃ လမ်းကြား၊ ၈၈x၈၉ လမ်းကြား၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးမြို့

09 777 510 878

kakehashi.center@gmail.com