တိုခုတဲဆိုသည်မှာ ဂျပန်နိုင်ငံအစိုးရမှ ၂၀၁၉ခုနှစ် ဧပြီလမှစတင်၍ ခေါ်ယူသော တိုခုတဲ ဂိနိုး (ကျွမ်းကျင်လုပ်သား) ဖြစ်ပါသည်။ ဂျပန်နိုင်ငံသို့ ကျွမ်းကျင်လုပ်သားအဖြစ်သွားရောက်ရန် စာမေးပွဲ ၂ခု ( ဂျပန်ဘာသာ A2 အဆင့် နှင့် လုပ်ငန်းကျွမ်းကျင်စာမေးပွဲ) ဖြေဆိုရပါမည်။JLPT N4 အောင်မြင်ထားသူများသည် ဂျပန်ဘာသာ A2 စာမေးပွဲကို ထပ်မံဖြေဆိုရန်မလိုအပ်ဘဲ၊ လုပ်ငန်းကျွမ်းကျင်စာမေးပွဲသာဖြေဆိုရပါမည်။စာမေးပွဲသည် CBT စနစ်ဖြင့်စစ်ဆေးသော စာမေးပွဲဖြစ်ပါသည်။
ခါခဲဟာရှိသင်တန်းကျောင်းမှ ဖွင့်လှစ်သင်ကြားသော အွန်လိုင်းတိုခုတဲသင်ရိုးများကို ဂျပန်ဘာသာအဆင့် N4 အောင်မြင်ထားသူများ တက်ရောက်နိုင်ပါသည်။ မိမိသွားရောက်လိုသည့် အလုပ်အကိုင်အမျိုးအစားကို လိုက်၍ သင်တန်းတက်ရောက်ပြီး ဝင်ရောက်ဖြေဆိုနိုင်ပါသည်။ စာမေးပွဲဖြေဆိုရန်လျှောက်ထားမှုအားလုံးသည် မြန်မာဘာသာ လမ်းညွှန်ရှိသဖြင့် မိမိကိုယ်တိုင်လျှောက်ထားနိုင်သော်လည်း၊ သင်တန်းကျောင်းမှလျှောက်ထားရန်ဆန္ဒရှိသူများအတွက် သင်တန်းကျောင်းမှ တာဝန်ယူလျှောက်ထားပေးပါသည်။
ဂျပန်ဘာသာစကားကို အမှန်တကယ်လေ့လာကြိုးစားလိုသူတိုင်း ခါခဲဟာရှိသင်တန်းကျောင်းမှ ကြိုဆိုလျက်ရှိပါသည်။
ဂျပန်နိုင်ငံအစားအသောက်ဝန်ဆောင်မှုအသင်းမှ ထုတ်လုပ်ထားသော သင်ရိုးစာအုပ်များဖြင့်သင်ကြားပေးမည် ဖြစ်ပါသည်။
ဂျပန်နိုင်ငံစားသောက်ကုန်လုပ်ငန်းစင်တာမှ ထုတ်လုပ်ထားသော သင်ရိုးစာအုပ်များဖြင့်သင်ကြားပေးမည် ဖြစ်ပါသည်။
ဟိုတယ်ဘာသာရပ်သုံး သင်ရိုးစာအုပ်များဖြင့်သင်ကြားပေးမည် ဖြစ်ပါသည်။