ခါခဲဟာရှိသင်တန်းကျောင်း၏ အတန်းသင်သင်ရိုးများတွင် အခြေခံမှ အဆင့်မြင့်တန်းခွဲအထိပါရှိပီး၊ ဂျပန်ဘာသာစကားကို စနစ်တကျလေ့လာနိုင်သည့် စာသင်ခန်းပတ်ဝန်းကျင်အဖြစ်ထားရှိပါသည်။ အတန်းတိုင်းတွင် 4 Skills (Listening, Reading, Writing, Speaking) + Kanjiပါရှိပီး၊ တစ်ဉီးချင်း မေးခွန်းများအမေးအဖြေလုပ်ခြင်း၊ အဖွဲ့လိုက်ဆွေးနွေးမှုများ ပြုလုပ်ခြင်းဖြင့် ကျောင်းသားကျောင်းသူများ အကြောက်ဆုံးဖြစ်သည့်စကားပြောကို လက်တွေ့အသုံးချနိုင်အောင် လေ့ကျင့်သင်ကြားပေးလျက်ရှိပါသည်။ ဂျပန်ဘာသာစာမေးပွဲဖြေဆိုမည့်သူများအတွက် သက်ဆိုင်ရာ အဆင့်အလိုက် လေ့ကျင့်ခန်းများစွာပြုလုပ်ခြင်း၊ နမူနာမေးခွန်းများ ဖြေဆိုလေ့ကျင့်ခြင်းများ ပြုလုပ်ရမည်ဖြစ်ပါသည်။
ဂျပန်ဘာသာစကား၏သဒ္ဒါဖွဲ့စည်းပုံသည် မြန်မာဘာသာစကားနှင့်ဆင်တူသည့်အတွက် လေ့လာသူများအနေဖြင့် စနစ်တကျ သင်ကြားမှု ရရှိလျှင် အခက်အခဲမရှိ တတ်မြောက်နိုင်သော ဘာသာစကားဖြစ်ပါသည်။
ခါခဲဟာရှိသင်တန်း၏ သင်ရိုးအဆင့်တိုင်းသည် ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲအဆင့်တိုင်းကို ဖြေဆိုနိုင်ရန် စနစ်တကျ ပြင်ဆင်ဖွဲ့စည်းထားသည့်အတွက် ဂျပန်ဘာသာစကားသင်ကြားရန်စိတ်ပါဝင်စားသူများအတွက် ယုံကြည်စိတ်ချစွာ လေ့လာသင်ကြားနိုင်မည်ဖြစ်ပါမည်။
ဂျပန်ဘာသာစကားကို အမှန်တကယ်လေ့လာကြိုးစားလိုသူတိုင်း ခါခဲဟာရှိသင်တန်းကျောင်းမှ ကြိုဆိုလျက်ရှိပါသည်။
ဂျပန်ဘာသာအရည်အချင်းစစ် စာမေးပွဲ N5 အတွက် သီးသန့် လေ့ကျင့်သင်ကြားပေးသောအတန်းဖြစ်ပါသည်။ Vocabulray, Kanji, Grammar, Listening, Reading အားလုံးကို သင်ကြားပို့ချမည်ဖြစ်ပြီး လေ့ကျင့်ခန်းများ၊ မေးခွန်းဟောင်း များ၊ နမူနာမေးခွန်းပုံစံများဖြင့် စာမေးပွဲဖြေဆိုနိုင်ရန် အဓိကလေ့ကျင့်သင်ကြားပေးသည့်အတန်းဖြစ်ပါသည်။ အခြေခံ Hiragana, Katakana ကို ကျွမ်းကျင်စွာရေးတတ်၊ ဖတ်တတ်သူများ တက်ရောက်နိုင်ပါသည်။
ဂျပန်ဘာသာအရည်အချင်းစစ် စာမေးပွဲ N4 အတွက် သီးသန့် လေ့ကျင့်သင်ကြားပေးသောအတန်းဖြစ်ပါသည်။ Vocabulray, Kanji, Grammar, Listening, Reading အားလုံးကို သင်ကြားပို့ချမည်ဖြစ်ပြီး လေ့ကျင့်ခန်းများ၊ မေးခွန်းဟောင်း များ၊ နမူနာမေးခွန်းပုံစံများဖြင့် စာမေးပွဲဖြေဆိုနိုင်ရန် အဓိကလေ့ကျင့်သင်ကြားပေးသည့်အတန်းဖြစ်ပါသည်။ ဂျပန်ဘာသာအဆင့် N5 အောင်မြင်ထားသူများ တက်ရောက်သင့်သောအတန်းဖြစ်ပါသည်။
ဂျပန်ဘာသာအရည်အချင်းစစ် စာမေးပွဲ N3 အတွက် သီးသန့် လေ့ကျင့်သင်ကြားပေးသောအတန်းဖြစ်ပါသည်။ Vocabulray, Kanji, Grammar, Listening, Reading အားလုံးကို သင်ကြားပို့ချမည်ဖြစ်ပြီး လေ့ကျင့်ခန်းများ၊ မေးခွန်းဟောင်း များ၊ နမူနာမေးခွန်းပုံစံများဖြင့် စာမေးပွဲဖြေဆိုနိုင်ရန် အဓိကလေ့ကျင့်သင်ကြားပေးသည့်အတန်းဖြစ်ပါသည်။ ဂျပန်ဘာသာအဆင့် N4 အောင်မြင်ထားသူများ တက်ရောက်သင့်သောအတန်းဖြစ်ပါသည်။
ဂျပန်ဘာသာအရည်အချင်းစစ် စာမေးပွဲ N2 အတွက် သီးသန့် လေ့ကျင့်သင်ကြားပေးသောအတန်းဖြစ်ပါသည်။ Vocabulray, Kanji, Grammar, Listening, Reading အားလုံးကို သင်ကြားပို့ချမည်ဖြစ်ပြီး လေ့ကျင့်ခန်းများ၊ မေးခွန်းဟောင်း များ၊ နမူနာမေးခွန်းပုံစံများဖြင့် စာမေးပွဲဖြေဆိုနိုင်ရန် အဓိကလေ့ကျင့်သင်ကြားပေးသည့်အတန်းဖြစ်ပါသည်။ ဂျပန်ဘာသာအဆင့် N3 အောင်မြင်ထားသူများ တက်ရောက်သင့်သောအတန်းဖြစ်ပါသည်။
ဂျပန်ဘာသာအရည်အချင်းစစ် စာမေးပွဲ N1 အတွက် သီးသန့် လေ့ကျင့်သင်ကြားပေးသောအတန်းဖြစ်ပါသည်။ Vocabulray, Kanji, Grammar, Listening, Reading အားလုံးကို သင်ကြားပို့ချမည်ဖြစ်ပြီး လေ့ကျင့်ခန်းများ၊ မေးခွန်းဟောင်း များ၊ နမူနာမေးခွန်းပုံစံများဖြင့် စာမေးပွဲဖြေဆိုနိုင်ရန် အဓိကလေ့ကျင့်သင်ကြားပေးသည့်အတန်းဖြစ်ပါသည်။ ဂျပန်ဘာသာအဆင့် N2 အောင်မြင်ထားသူများ တက်ရောက်သင့်သောအတန်းဖြစ်ပါသည်။