×
ကျောင်းအုပ်ကြီး၏ နှုတ်ခွန်းဆက်စကား
Avatar

ခါခဲဟာရှိသင်တန်းအကြောင်းကို စိတ်ဝင်တစားဖတ်ရှုပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။ ခါခဲဟာရှိသင်တန်းကျောင်းကို ၂၀၁၆ ခုနှစ်မှ စတင်တည်ထောင်ခဲ့ပြီး စတင်တည်ထောင်ချိန်မှစ၍ အခြေခံမှ အဆင့်မြင့်တန်းခွဲအထိ ဖွင့်လှစ်သင်ကြားခဲ့ပါတယ်။ ဂျပန်ဘာသာစကားလေ့လာသင်ကြားလိုသူများအတွက် အကောင်းမွန်ဆုံး သင်ရိုးညွှန်တမ်းများ၊ သင်ထောက်ကူများဖြင့် အစဉ်အမြဲပြုပြင်ပြောင်းလဲမှုများပြုလုပ်၍ ဂျပန်စာသင်ကြားရေးလောကသို့ ဝင်ရောက်လာခဲ့သည်မှာ ၃နှစ်ကျော်တိုင်ခဲ့ပြီဖြစ်ပါတယ်။ ၃ နှစ်တာ ကာလအတွင်း တက်ရောက်ခဲ့သော သင်တန်းသား ၃၀၀ ကျော်ရှိခဲ့ပြီး၊ လက်ရှိတွင် သင်တန်းသား ၁၅၀ ကျော် တက်ရောက်လျက်ရှိပါတယ်။ ဂျပန်နိုင်ငံနှင့်မြန်မာနိုင်ငံ၏ ဆက်ဆံရေးကောင်းမွန်တိုးတက်လာသည့်အလျှောက် ဂျပန်နိုင်ငံသို့သွားရောက်လိုသူများ နှစ်စဉ်များပြားလာလျက်ရှိပါတယ်။ မည်သည့်ရည်ရွယ်ချက်နှင့်မဆို ဂျပန်ဘာသာသင်ကြားမည့် ညီအကိုမောင်နှမများအတွက် ဂျပန်ဘာသာစကားကို စနစ်တကျ တတ်မြောက်သွားစေရေးသည် ခါခဲဟာရှိသင်တန်းကျောင်း၏အဓိကရည်မှန်းချက်ဖြစ်ပါတယ်။ ဂျပန်ဘာသာစကားကို စိတ်ဝင်စား၍ လေ့လာသင်ကြားလိုသည့် မည်သူမဆို ဂျပန်နှင့်မြန်မာကို ချိတ်ဆက်ပေးမည့် “ခါခဲဟာရှိ = ပေါင်းကူးတံတား” ဂျပန်သင်တန်းကျောင်းမှ အမြဲကြိုဆိုပါတယ်။

သင်တန်းအ‌ကြောင်း

တည်ထောင်သည့်ခုနှစ်

၂၀၁၆ ခုနှစ် ဇူလိုင်လ

တည်နေရာ

မန္တလေးမြို့

ကျောင်းအုပ်အမည်

ချစ်စုဝေ

သင်ကြားရေးဆရာ/မဦးရေ

 ဦး

တက်ရောက်ခဲ့သည့်ကျောင်းသားဉီးရေ

၃၀၀ ကျော်

စင်တာ  လိုင်စင်အမှတ်

သင်တန်း/၁/၀၀၅

စင်တာ  လိုင်စင်အမှတ်

သင်တန်း/၁/၀၄၁

စင်တာ  လိပ်စာ

အမှတ်(၂၄)၊ မြေညီထပ်၊ ကံ့ကော်လမ်း၊ ၂၂လမ်းx၂၃လမ်းကြား၊ ၈၈ x၈၉ လမ်းကြား၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးမြို့

စင်တာ  လိပ်စာ

၁၂လမ်း၊ ၈၆x၈၇ လမ်းကြား၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးမြို့

ဝက်ဘ်ဆိုက်စာမျက်နှာ

http://kakehashi-education-center.com

မေးလ်လိပ်စာ

info@kakehashi-education-center.com

ချိတ်ဆက်ထားသောအေဂျင်စီ

Clover Mandalay Co., Ltd

သင်တန်းဆရာမများ၏မက်ဆေ့ချ်
Avatar
Khaing Su Linn

တစ်ဦးနဲ့ တစ်ဦးဆက်သွယ်ဖို့ဆိုတာ ဘာသာစကားကမရှိမဖြစ်ပါ။ တိုးတက်နေတဲ့ကမ္ဘာကြီးကို အမှီလိုက်နိုင်ဖို့မိခင်ဘာသာစကားသာမက အခြားဘာသာစကားတွေပါ သင်ယူလေ့လာထားရင် အကောင်းဆုံးပါပဲ။ ဘာသာစကားတစ်ခုသင်ယူခြင်းက အဲ့ဒီနိုင်ငံရဲ့ ယဥ်ကျေးမှု. ဓလေ့ထုံးစံနဲ့ လူ​နေမှုအဆင့်အတန်းအကြောင်းကိုပါ သိရှိနိုင်ပါတယ်။ ဒါ့အပြင် ရုပ်ရှင် ဂီတအစရှိတဲ့ ဖျော်ဖြေမှုတွေကိုပါ ခံစားနိုင်ပါတယ် ။ ဒါ့ကြောင့် တိုးတက်ခေတ်မီနေတဲ့ဂျပန်နိုင်ငံရဲ့ နည်းပညာနှင့် အခြားအရာတွေကိုသိရှိနိုင်ဖို့ ဂျပန်ဘာသာစကားကို လေ့လာ​ကြဖို့ တိုက်တွန်းလိုပါတယ်။

လေ့လာလိုသူများအတွက်ဂျပန်ဘာသာစကားကို စနစ်တကျ တတ်မြောက်ရေးကတော့ ခါခဲဟာရှိ ဂျပန်သင်တန်းကျောင်းမှ အစွမ်းကုန် ကြိုးစားနေပါတယ်။သင်ခန်းစာ​များကိုအခြေခံမှစပြီး စနစ်တကျသင်ကြားပေးရုံသာမက ဂျပန်နိုင်ငံရဲ့ယဥ်ကျေးမှု ဂျပန်လူမျိုးတို့ရဲ့ စိတ်နေသဘောထား လုပ်ငန်းခွင်အပြုအမူတို့ကိုပါ သင်ကြားပေးတာဖြစ်လို့ခါခဲဟာရှိ ဂျပန်သင်တန်းကျောင်းဟာ သင်တန်းကောင်းများအနက်မှ တစ်ခုအပါအဝင်ဖြစ်ပါတယ် ။

Avatar
Zin Wai Moe

ဒီဘက်နှစ်တွေမှာ ဂျပန်သွား အလုပ်လုပ်တာ ဂျပန်ပညာတော်သင်ကို ထောက်ပံ့ကြေးနဲ့သွားတာတွေ တော်တော်များလာပါတယ်။ဂျပန်စာသင်ကျောင်းတွေလည်း တော်တော်ကြီးကိုများလာပါတယ်။အဲဒီအတွက်ကြောင့် သေချာရွေးချယ်တက်ရောက်ဖို့လိုပါတယ်။kakehashi ဂျပန်စာသင်ကျောင်းကတော့ ဂျပန်စာကို အမှန်အကန်တတ်မြောက်အောင် သင်ကြားပေးတဲ့အပြင် ဂျပန်မှာအလုပ်လုပ်ရင် အလုပ်ခွင်အတွင်းအဆင်ပြေချောမွေ့စေဖို့အတွက် လုပ်ငန်းခွင်mannerများအပြင် လူမှုဆက်ဆံရေး၊ယဉ်ကျေးမှုများကိုပါ သေသေချာချာသင်ကြားပြသပေးပါတယ်။စာသင်ကြားနေစဉ်အတွင်းမှာလည်း သင်ထောက်ကူပစ္စည်းအပြည့်အစုံနဲ့ သင်ကြားပေးပါတယ်။ဂျပန်စာlevelတက်ရုံတင်မဟုတ်ဘဲ ဂျပန်စာကို အမှန်အကန် နားလည်တတ်မြောက်ရန်အတွက် သင်ရိုးများကို အသေအချာရေးဆွဲပြီး မိမိlevel အလိုက်တတ်မြောက်သင့်သည်များကို တတ်မြောက်အောင် textကို တစ်မျိုးတည်းတင်မဟုတ်ဘဲ up to date ဖြစ်သောtext များပါ ဖြည့်တင်းသင်ကြားပေးပါတယ်။ဂျပန်တွင် အလုပ်လုပ်ကိုင်နိုင်ရန်လည်း တိကျသေချာစွာပို့ဆောင်ပေးနိုင်သော agencyနဲ့ ချိတ်ဆက်ထားတာဖြစ်တဲ့အတွက်ကြောင့် ယုံကြည်စိတ်ချစွာ kakehashi ဂျပန်စာသင်ကျောင်းမှာ တက်ရောက်နိုင်ပါတယ်။

Avatar
Phyo Ei San

ဂျပန်နိုင်ငံနှင့်ဆက်နွယ်သောအလုပ်ကိုင်အခွင့်လမ်းတွေ ပေါများလာတာနှင့်အမျှ ဂျပန်စာသင်တန်းကျောင်းတွေလည်း များပြားလာပါတယ်။ ကျွမ်းကျင်ရာ လိမ္မာဆိုသလို ကိုယ်ကျွမ်းကျင်ရာ ကိုယ်နည်းလမ်းနဲ့ ကိုယ်သင်ကြားမျှဝေလာကြပါတယ်။ ဂျပန်စာတတ်ကျွမ်းရုံသာမက ​ရောမရောက်ရင်ရောမလိုကျင့်ဆိုသလို ယဥ်ကျေးမှု၊အစဥ်လာလိုက်နာခြင်း၊စည်းကမ်းလိုက်နာခြင်း၊ လူ့ကျင့်ဝတ်အပြုမှုစောင့်ထိန်းစေခြင်းတို့ကို အမိမြန်မာနိုင်ငံရဲ့ ယဥ်ကျေးမှုနဲ့ ဂျပန်နိုင်ငံရဲ့ ယဥ်ကျေးမှုကို ယှဥ်တွဲသင်ပြကာ သိရှိနားလည်စောင့်ထိန်းစေရန် သင်ကြားပြသပေးတဲ့ Kakehashi ဂျပန်စာသင်တန်းကျောင်း။🏫 သင်တန်းကာလအတွင်း ကျန်းမာ​​ပျော်ရွှင်စေရေး၊ခန္ဓာကိုယ် ကျန်းမာ​ကြံ့ခိုင်စေရန် ကာယလေ့ကျင့်စေခြင်း နှင့်​စားဝတ်နေရေးကအစ လိုလေးသေးမရှိအောင် မိဘရင်းသဖွယ် ဂရုစိုက် ကြည့်ရှုပေးတဲ့ kakehashi ဂျပန်စာသင်တန်းကျောင်း။🏫 စာတွေ့လက်တွေ့ သင်ကြားနည်းမျိုးစုံဖြင့် ထိထိရောက်ရောက် သင်ကြားပေးသလို၊ သင်တန်းကာလပြီးမြောက်လျှင်လည်း မိမိနှစ်သက်ရာ လုပ်ငန်းခွင်သို့ ဝင်ရောက်နိုင်ရန် တိကျမြန်ဆန်ပြီး စိတ်ချယုံကြည်ရတဲ့ agency နဲ့ချိတ်ဆက်ပေးပြီး အမြန်ဆုံးအလုပ်ရရန် စီစဥ် ဆောင်ရွက်ပေးတဲ့ Kakehashi ဂျပန်စာသင်တန်းကျောင်း။🏫 ကလေးတို့ တွေရေ ဒီလိုသင်တန်းကျောင်းkakehashi မှာ တက်ရောက်ရတာဂုဏ်ယူလိုက်ပါ👍

Avatar
Htar Inzali

ခေတ်မှီဖွံ့ဖြိုးတိုးတက်နေတဲ့ကမ္ဘာကြီးမှာလူသားအချင်းချင်းဆက်သွယ်နိုင်ရန်အတွက်မိခသ်ဘာသာစကားအပြင်တခြားဘာသာစကားတစ်ခုကိုတတ်မြောက်ထားရန်လိုအပ်လှပါတယ်။ယခုအခါဂျပန်နိုင်ငံသို့သွားရောက်လုပ်ကိုင်လိုသူမှား၊ပညာတော်သင်သွားလိုသူများတိုးများလာသည့်အလျောက်ဂျပန်စာကိုသင်ကြားလိုသူများလည်းတိုးပွါးလျက်ရှိနေပါတယ်။ ခါဟဲဟရှိ ဂျပန်စာသင်တန်းကျောင်းတွင် ဂျပန်ဘာသာစကားတခုတည်းသာမက ဂျပန်လူမျိုးတို့၏ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းအစဉ်အလာများကိုပါ ထည့်သွင်းသင်ကြားပေးလျက်ရှိနေပါတယ်။သင်ကြားရေးတွင်လည်း အခြေခံမှစတင်ပြီးစနစ်တကျသင်ကြားပေးသည့်အပြင် သင်ရိုးစာအုပ်များကလည်း ကျောင်းသားများနှင့်အထူးကိုက်ညီမှုရှိသောသင်ရိုးများကို စနစ်တကျသင်ကြားပေးသည့်အတွက်ယုံကြည်စိတ်ချစွာတက်ရောက်သင်ကြားနိုင်ပါတယ်။

Avatar
Thun Hay Man Ye Naing

အသစ်အသစ်တွေလေ့လာဆည်းပူးဖို့ရှာဖွနေကြတဲ့သူတွေ ၊ စဉ်းစားနေကြတဲ့သူတွေအတွက် ဘာသာစကားလေ့လာဖို့ အထူးတိုက်တွန်းချင်ပါတယ်။ ဘာသာစကားတွေထဲမှ သင်ကြားဖို့ထပ်မံတိုက်တွန်းချင်တာလေးကတော့ ဂျပန်ဘာသာစကားပဲဖြစ်ပါတယ်။ ဒီဘက်ခေတ်မှာ ဂျပန်ဘာသာစကားကျွမ်းကျင်စွာတတ်မြှောက်နိုင်မယ်ဆိုလျှင် ①အလုပ်အကိုင်ရှာဖွေရတာ အရမ်းလွယ်ကူပြီး၊ ② နိုင်ငံခြားပညာတော်သင်ထွက်ရမှာလည်း အရမ်းအထောက်အကူပြုပါတယ်။ ယခုခေတ်က ဂျပန်ဘာသာစကားခေတ်လို့ ပြောရလောက်အောင်ကို ဂျပန်ဘာသာစကားကို လေ့လာနေသူတွေအရမ်းများပါတယ် ။ လက်တွေ့မှာလည်းပဲ ဂျပန်စကားတတ်မြှောက်ထားခြင်းကြောင့် ကောင်းမွန်တဲ့ လမ်းတွေကိုရောက်ရှိနေတဲ့လူတွေအများကြီးပါ။ ဒါကြောင့် ခေတ်နောက်ကျမကျန်ခဲ့ရလေအောင် ဂျပန်ဘာသာစကားကိုလေ့လာကြဖို့ ထပ်မံ တိုက်တွန်းပါရစေ။ ဂျပန်ဘာသာစကားကိုလေ့လာမယ်ဆိုရင်တော့ ခခဲဟရှိ ဂျပန်သင်တန်းကျောင်းကတော့ အကောင်းမွန်ဆုံးနဲ့အသင့်တော်ဆုံးပါ။ ဂျပန်ဘာသာစကားကို ကျွမ်းကျင်သော ဆရာမများက အသေးစိတ်သင်ကြားပေးနေပါတယ်။ဂျပန်ဘာသာစကားများသာမက ဂျပန်နိုင်ငံယဉ်ကျေးမှု ၊ ဂျပန်နိုင်ငံရဲ့ လူနေမှုဓလေ့များပါ သင်ကြားပေးမှာဖြစ်လို့ ဗဟုသုတများစွာရရှိမှာတော့ အာမခံပါတယ်။ ဒါကြောင့် ခခဲဟရှိဂျပန်သင်တန်းကျောင်းကို လာရောက်ဖို့အတွက် ဖိတ်ခေါ်လိုက်ပါတယ်။ Never Stop Learning

Avatar
Nan Thuzar Win

အခုတိုးတက်နေတဲ့ခေတ်မှာ နိုင်ငံခြားဘာသာစကားတစ်ခုခု တတ်ထားရင်ကိုယ်အတွက်အမြတ်တခုပါဘဲ။ မန္တလေးမြို့မှာရှိတဲ့Kakehashi ဂျပန်စာသင်တန်းကျောင်းက ဂျပန်စာကိုစိတ်ဝင်စားလို့ဘဲဖြစ်ဖြစ်၊ ဂျပန်နိုင်ငံကိုသွားပြီးအလုပ်လုပ်ချင်သူတဲ့တွေတွက် ဂျပန်စာကိုအခြေခံမှစ၍အဆင့်မြင့်levelထိ စနစ်တကျသင်ကြားပေးနေပါတယ်။ အလုပ်သွားလုပ်မယ့်သူတွေအတွက် ဂျပန်နိုင်ငံရဲ့ယဉ်ကျေးမှုနှင့်အလုပ်ခွင်မှာထားရှိရမဲ့ အပြုအမူများကိုသာမကကိုယ်ခံအားကောင်းရန်လေ့ကျင်မှုတွေပြုလုပ်ပေးပြီး သင်ကြားပြသပေးနေပါတယ်။ အလုပ်အကိုင်ရှာဖွေရေး Agency နှင့်လဲချိတ်ဆက်ထားတဲ့တွက် Kakehashi ဂျပန်စာသင်တန်းကျောင်းမှာယုံကြည်စိတ်ချစွာတက်ရောက်နိုင်ပါတယ်။