×
Blog
အိုင်တီတန်းခွဲများ

Ruby / Ruby On Rails

React

Vue

         Web Developer ဖြစ်လိုသူများအတွက် စနစ်တကျ သင်ကြားသည် Web Developer ဖြစ်လိုသူများအတွက် စနစ်တကျ သင်ကြားသည် Web Developer ဖြစ်လိုသူများအတွက် စနစ်တကျ သင်ကြားသည် Web Developer ဖြစ်လိုသူများအတွက် စနစ်တကျ သင်ကြားသည် Web Developer ဖြစ်လိုသူများအတွက် စနစ်တကျ သင်ကြားသည်

ဂျပန်ဘာသာတန်းခွဲများ

Ruby / Ruby On Rails

React

Vue

 Web Developer ဖြစ်လိုသူများအတွက် စနစ်တကျ သင်ကြားသည် Web Developer ဖြစ်လိုသူများအတွက် စနစ်တကျ သင်ကြားသည် Web Developer ဖြစ်လိုသူများအတွက် စနစ်တကျ သင်ကြားသည် Web Developer ဖြစ်လိုသူများအတွက် စနစ်တကျ သင်ကြားသည် Web Developer ဖြစ်လိုသူများအတွက် စနစ်တကျ သင်ကြားသည်

Blog

ကျောင်းသား/သူများ၏ အမှတ်တရစကားများ

Kakehashi Student
Swe Zin Tun (လက်ရှိတက်ရောက်ဆဲ)

KAKEHASHI မှာJapan စာလေ့လာရတာ (1) အခြေခံမှအစမိမိတက်ရောက်သည့်levelအထိကောင်းမွန်စွာနားလည်တတ်မြောက်ခြင်း (2)Senseiများ၏နွေးထွေးရင်းနှီးစွာ ဂရုတစိုက်သင်ကြားပေးခြင်း (3) Japan စာသာမက Japan နဲ့ပတ်သတ်တဲ့ဗဟုသုတများကို Online KAKEHASHI Pageမှာအမြဲတမ်း ဝေမျှပေးခြင်းတို့ကြောင့် ကျေနပ်အားရ​ပျော်ရွှင်ရပါတယ် Japan နိုင်ငံမှာရိုးသားကြိုးစားအလုပ်လုပ်ပြီး (1)အနာဂတ်မှာအောင်မြင်တဲ့သူဖြစ်ချင်ပါတယ် (2)မိသားစုကို ပြည့်ပြည့်စုံစုံထောက်ပံ့ပေးချင်ပါတယ် (3)မိမိရဲ့ရပ်ရွာ တိုင်းပြည်ကိုအကျိုးပြုနိုင်တဲ့သူဖြစ်ချင်ပါတယ် နောက်တတ်ရောက်မဲ့သင်တန်းသားများလဲ ☺️ KAKEHASHI သင်တန်းမှာ ပျော်ရွှင်စွာ Japan စာသာမကJapan နဲ့ပတ်သတ်တဲ့ဗဟုသုတတွေရောလေ့လာသင်ယူဖို့ ဖိတ်ခေါ်ချင်ပါတယ်ရှင့်

Kakehashi Student
Kyaw Da Na (လက်ရှိတက်ရောက်ဆဲ)

အားလုံးပဲမင်္ဂလာပါ..... ကျွန်တော်အရင်ဆုံးပြောပြရမှာကတော့သင်တန်းတတ်ရောက်ရတဲ့အပေါ်စိတ်ကျေနပ်မှုပေါ့။ စိတ်ကျေနပ်မှုအပြည့်ရှိပါတယ်။ သင်တန်းပထမဆုံးတတ်ရတဲ့ရက်မှာသတိထားမိတာကအားလုံးကစည်းကမ်းတိကျကြတယ်။ အကုန်လုံးလိုက်နာကြရတဲ့စည်းကမ်းကဂျပန်‌နိုင်ငံရောက်သွားရင်နေထိုင်ရသလိုမျိုးဖြစ်တဲ့အတွက်အရမ်းကြီးကျွန်တော်တို့နဲ့အစိမ်းသက်သက်မဖြစ်တော့ဘူးပေါ့။ ဆရာဆရာမတွေကလဲနွေးထွေးမှုရှိကြသလိုစာသင်ရာမှာလဲစိတ်ရှည်ကြပါတယ်။ ဆရာတပည့်ဆိုတာမျိုးထက်မိသားစုလိုမျိုး‌နွေးနွေးထွေးထွေးသင်ကြားရတာမျိုးပါ။ ဒါကြောင့်ဒီသင်တန်းတတ်ရောက်ရတာကျွန်တော့်ကိုယ်ကျွန်တော်ဂုဏ်ယူမိပါတယ်။ လူတိုင်းလိုပဲကျွန်တော့်မှာလဲအနာဂါတ်အိမ်မက်လေးတစ်ခုရှိပါတယ်။ ဒါကဘာလဲဆိုတော့ကျွန်တော်ဂျပန်နိုင်ငံမှာကျွန်တော်ကြိုးစားနိုင်သလောက်ကြိုးစားလုပ်ကိုင်ပီးပြန်လာတဲ့အခါကိုယ့်မြို့ကိုယ့်ရွာမှာကျွန်တော်လုပ်ကိုင်ခဲ့တဲ့အတွေ့အကြုံအခြေပြုပြီးကိုယ်ပိုင်စီးပွားရေးတစ်ခုထူထောင်ချင်တာပါ။ ကျွန်တော်ရင်နှီးခဲ့တဲ့လူငယ်ဘ၀နဲ့အချိန်တွေကိုအကျိုးရှိရှိပြန်လုပ်အသုံးချလိုတဲ့သဘောပါပဲ။ နောက်ဆုံးအနေနဲ့ကျွန်တော်နောက်လာမယ့် အစ်ကို\အစ်မ\ညီလေး\ညီမလေးအကုန်လုံးအတွက်ပေးချင်တဲ့Messageလေးကတော့အလုပ်တစ်ခုကိုလုပ်မယ်ဆိုသေချာဆုံးဖြတ်ပါ။ သင်တန်းတတ်ရောက်ပြီးဂျပန်နိုင်ငံကိုသွားမယ်လို့ဆုံးဖြတ်ပီးရင်ကိုယ်ကိုတိုင်ကတကယ်စိတ်အားထက်သန်နေစေဖို့ပါပဲ။ အဖေတိုက်တွန်းလို့အမေတိုက်တွန်းလို့ဆိုတာမျိုးထက်ကိုယ်ကိုတိုင်ကစိတ်အားထက်သန်နေဖို့ပါ။ကျွန်တော်တို့ကကိုယ်ကိုယ်ပိုင်အချိန်တွေကျွန်တော်တို့ရဲ့လူငယ်ဘ၀တွေကိုရင်းနှီးပြီးကြိုးစားရင်းနှီးရမှာဖြစ်တဲ့အတွက်အကျိုးရှိရှိဖြစ်စေချင်ပါတယ်။ လမ်းတစ်၀က်ကနေလှည့်ပြန်သွားကြတဲ့အစ်ကိုတွေညီလေးတွေလဲရှိနေကြတာတွေ့နေရတာဖြစ်တဲ့အတွက်ဒီလိုအားပေးစကားပြောရတာဖြစ်ပါတယ်။ ကြိုးစားပါ။ကျွန်တော်တို့ကိုဆုံးမနေသလိုဘယ်အရာမှအလကားမရပါဘူး။ အနာခံမှအသာစံကြရမှာပါ။ ဒါကြောင့်နောင်လာမယ်သူတွေအတွက်လဲကျွန်တော့်ရဲ့messageလေးကအသုံးတည့်မယ်လို့မျှော်လင့်ပါတယ်။။ ။ ကျော်ဓန(19KJ(ll)-1)

Kakehashi Student
Thu Thu Htun (လက်ရှိဂျပန်နိုင်ငံ)

Kakehashi မှာဂျပန်စာသင်ခွင့်ရတာ အရမ်းကိုကံကောင်းတာပဲလို့ တွေးနေခဲ့ပါတယ်။ စတက်ခဲ့ရတဲ့အချိန်ကစပီး ခုချိန်ထိပါပဲဆရာ/ဆရာမတွေကလည်းစေတနာအပြည့်ဝနဲ့ကို သင်ကြားပေးခဲ့ကြတယ်စာမေးပွဲအောင်မြင်အောင်လည်း ထပ်ခါထပ်ခါလေ့ကျင့်ပေးတယ်။ ကျောင်းသား/သူတွေအတွက်အမြဲတမ်းစဥ်းစားပေးပီးအကောင်းဆုံးဆိုတာတွေလုပ်ပေးခဲ့တယ်။ အလုပ်ဝင်အင်တာဗျူးတွေကိုလည်းသေချာသင်ကြားပေးခဲ့တယ်။ အခုလက်ရှိလုပ်နေတဲ့အလုပ်ကအစစအရာအရာအဆင်ပြေခဲ့တယ်။ Sensei ရဲ့ကျေးဇူးကြောင့်ပါကောင်းမွန်တဲ့အလုပ်ကိုရွေးချယ်ပေးခဲ့တယ်။ ကိုယ့်ရဲ့ ရည်မှန်းချက်တွေပြည့်ဝစေဖို့ အစစအရာရာ လမ်းညွှန်သင်ကြားပေးခဲ့တာ Kakehashi ပါပဲ ။ Sensei အခုအလုပ်တွေကြိုးစားနေပါတယ်ပီးတော့ဂျပန်စာတွေရောပဲ။ အခုတော့ပျော်ရွှင်စွာနဲ့ အနာဂတ်အတွက် ကြိုးစားနေပါတယ်။ Kakehashi မှာ ဂျပန်စာသင်ကြားခဲ့ရတာ အရမ်းပျော်ရွှင်ခဲ့ရပါတယ်။ အသိပညာအတတ်ပညာတွေလည်းအများကြီးလေ့လာခွင့်ရခဲ့ပါတယ်။ ခုလက်ရှိ ဂျပန်စာလေ့လာသင်ကြားနေတဲ့မောင်လေး/ညီမလေးတွေလည်း ကြိုးစားပါ လို့ အောင်မြင်မှုက ကိုယ့်ရဲ့လက်တစ်ကမ်းအလိုမှာပါအားမလျှော့ပဲနဲ့ရှေ့ဆက်ကြိုးစားကြပါလို့။ ပီးတော့ဂျပန်စာကို အများကြီးလေ့လာမှတ်သားခဲ့ကြပါနော်။ တစ်ချိန်မှာအောင်မြင်မှုဆိုတဲ့ပန်းခင်းကြီးက ဆီးကြိုနေမှာအမှန်ပဲလေ။

Kakehashi Student
Aye Thuzar (လက်ရှိဂျပန်နိုင်ငံ)

ခါခဲဟာရှိသင်တန်းကျောင်းမှာတက်ရောက်ခဲ့သူတယောက်ပါ တက်ရောက်နေစဥ်နှင့်ဂျပန်နိုင်ငံသို့ထွက်ခွါခွင့်ရသည်အသိ အခက်ခဲမရှိအဆင်ပြေချောမွေ့စွာ မျော်မှန်းထားတဲ့အရာကိုပိုင်ဆိုင်အကောင်ထည်ဖော်နိုင်ခဲ့ပါတယ်။ ခါခဲဟာရှိဆိုသည်မှာ "ပေါင်းကူးတံတား" တကယ်ဂျပန်မြန်မာပေါင်းကူးပီးလူငယ်တေတက်လမ်းပွင့်စေဖို့အကျိုးပြုနေရာတခုပါရှင့်။ ကျွန်မရဲ့အိမ်မက်ကတိုးတက်တဲ့နိုင်ငံမှာအမြဲပညာဆည်းပူးနေဖို့ ကိုယ့်အရည်အချင်းကိုမြှင့်တင်နေဖို့ ရောက်တဲ့အရပ်ကပညာယူဖို့ အနာဂါတ်အတွက်အလုပ်အကိုင်ကြိုးစား ပြည့်စုံတဲ့ဘဝကိုဖန်တီးနိုင်ဖို့ပါရှင့်။ နောက်ထပ်လာဖို့ရည်မှန်းချက်ကိုယ်စီနဲ့ကြိုးစားနေကြသူများ လဲအခက်ခဲရှိလဲအားမလျော့ပါနဲ့ ရလာမယ့်အသီးအပွင့်တေကအရမ်းချိုမြိန်ပါတယ် ရည်မှန်းချက်ရှိရင် တကယ်အောင်မြင်ပါတယ်ရှင် အားလုံးကြိုးစားကြမယ် fightingပါ

Kakehashi Student
Saw Naing Kyaw (လက်ရှိဂျပန်နိုင်ငံ)

ခါခဲဟာရှိစင်တာမှာ ဂျပန်စာလေ့လာခွင့်ရခဲ့တဲ့ တစ်နှစ်တာကာလအတွင်း ကျောင်းအုပ်ဆရာမကြီးရဲ့ ဆိုဆုံးမမှု၊ သဘောကောင်းပြီး စိတ်ရှည်ရှည်နဲ့ ဂျပန်စာသင်ကြားပေးခဲ့သော ဆရာမများနဲ့ တခြားနယ်အသီးသီးမှလာရောက်ကြတဲ့ သူငယ်ချင်းတွေနဲ့အတူတူ ဂျပန်စာကိုလေ့လာသင်ကြားခဲ့ပြီး ဂျပန်ကိုရောက်ရှိခဲ့တဲ့အတွက် အရမ်းပျော်ပါတယ်။ ဂုဏ်လည်းဂုဏ်ယူမိပါတယ်။ မိမိက ဂျပန်ကိုလာဖို့ရည်ရွယ်တယ်ဆိုရင် စင်တာကသင်ကြားပေးတဲ့ ဂျပန်စာနဲ့ ဂျပန်နဲ့သက်ဆိုင်တဲ့ ဗဟုသုတ၊ ယဉ်ကျေးမှု၊ အပြုအမူတွေကို အပြည့်အဝလေ့လာသင်ယူပါ။ စင်တာက သတ်မှတ်ထားတဲ့ စည်းကမ်းတွေကို သေသေချာချာလိုက်နာပြီး မိမိကိုယ်ကို ထိန်းသိမ်းနိုင်အောင်ကြိုးစားပါ။ ခါခဲဟာရှိစင်တာမှာ မိမိရဲ့အနာဂတ်အိပ်မက်ကို အကောင်အထည်ဖော်ပြီး ဂျပန်ကိုရောက်ရင် ကိုယ့်နိုင်ငံ၊ လူမျိုး၊ ကျောင်းရဲ့ ဂုဏ်ကိုဆောင်ကြပါလို့ အကြံပေးတိုက်တွန်းလိုပါတယ်။ ဂျူနီယာလေးတွေကို မှာချင်တာက ကိုယ့်ရဲ့ရည်မှန်းချက်ပန်းတိုင်၊ ကိုယ့်ရဲ့အနာဂတ်အိပ်မက်က ဘာလဲဆိုတာကို တိတိကျကျသိဖို့လိုပါတယ်။ သိပြီးရင် လက်တွေ့အကောင်ဖော်နိုင်အောင်ကြိုးစားပါ။ အောင်မြင်တဲ့ရည်မှန်းချက်ကို ပိုင်ဆိုင်ဖို့ရာအတွက် ဆန္ဒပြင်းပြမှု၊ စိတ်ရှည်သည်းခံနိုင်မှု၊ မလျှော့သောဇွဲလုံ့လတို့ဖြင့် ကြိုးစားအားထုတ်ကြပါလို့ပြောချင်ပါတယ်။